ခရမ်းချဥ်သီးနဲ့ အသားအရည်ကို ဘယ်လိုထိန်းသိမ်းမလဲ ???? – Beauty.mm

Page

၁.မျက် နှာ အ သား အ ရေ ကြည် လင် ဖြူ ဖွေး ဖို့အ တွက် ခ ရမ်း ချဉ် သီး နှင့် သ ကြား

ပ ထ မ ဦး စွာ သ ကြား လက်ဖက် ရည် ၂ ဇွန်း ကို ခွက် တစ်ခုထဲ ထည့် ထား ပါ

ထို့ နောက် ခ ရမ်း ချဉ်သီး တစ်လုံး ကို နှစ် ခြမ်း ခြမ်း ပြီး အ သုံး ပြု မယ့် တစ် ခြမ်း ကို သကြား ခွက် ထဲ ၂ မိ နစ် ခန့် နှစ် ထည့် ထား ပါ

ပြီးသွားရင်တော့ မျက်နှာအနှံ့ ပွတ်ပေးပါ ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာကို ပိုမိုဖြူဖွေးစေကာ ဆားဝက်ခြံ ၊ ဝက်ခြံတွေကို သိသာစွာ ပျောက်ကင်းစေပါတယ်

၂. နေလောင်ဒဏ်အတွက် ခရမ်းချဉ်သီးနှင့်ဒိန်ချဉ်အကြောင်းအမျိုးမျိုးကြောင့် အရေပြားမှာ နေလောင်ရာတွေနဲ့ အသားအရေ ညိုမဲညစ်နေသူများ သုံးသင့်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

ဒိန်ချဉ် ခွက်တစ်ဝက်ခန့်နှင့် ခရမ်းချဉ်သီးတစ်လုံးကို ကြိတ်စက် (သို့ ) B l e n d e r ဖြင့် ခပ်ပျစ်ပျစ်လေးရအောင် ကြိတ်ပေးပါ

နေလောင်မှုတွေဖြစ်နေသော အရေပြားနေရာသို့ သုတ်လိမ်းပေးပြီး အနည်းဆုံး ၁၅မိနစ်ခန့်ကြာအောင် ထားလိုက်ပါ ။

ပြီးသွားလျှင်တော့ ရေအေးလေးဖြင့် ဆေးကြောပေးလိုက်ပါ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးပါ

3.အဆီပြန်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သခွားသီးသင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တေ့ာ ဒီနည်းလမ်းက လုံးဝ အထောက်အကူပြုမှာပါ ။

သခွားသီးနှင့် ခရမ်းချဉ်သီးကို အရည်သီးသန့်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ဆီ ဆတူရောစပ်ပြီး မျက်နှာပေါ်သို့ ညှင်သာစွာ သုတ်လိမ်းပေးပါ

၁၀မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ တစ်ပါတ်လျှင် အနည်းဆုံး ၂ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် မျက်နှာအဆီပြန်ခြင်းကို သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ် ။

ဒီနည်းလမ်းလေးကို လုပ်ပေးမယ်ဆိုရင် ဝက်ခြံ ၊ ဆားဝက်ခြံ ဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ရာရောက်သလို မျက်နှာအသားအရေကိုလည်း ကြည်လင်ဝင်းပစေနိုင်ပါတယ်။

Our Services


Our Shop Branches Address


Our Contact


Booking


Calendar is loading...
Powered by Booking Calendar

Post Author: Beauty.mm

Leave a Reply

Your email address will not be published. Required fields are marked *