Page

၁. ရှားစောင်းလတ်ပတ်နဲ့ မိမိအသားအရည်ကို ကာကွယ်မယ်

ခန္ဓာကိုယ်အတွက်အကောင်းဆုံးဆေးလို့ဆိုနိုင်တဲ့ ဆိုးကျိုးမရှိတဲ့ ရှားစောင်းနဲ့ ခန္ဓာကိုယ်ကအစိတ်အပိုင်းတွေကို ‌ကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ ?

သံလွင်ဆီ ၊ နနွင်း ၊ ရှားစောင်းရယ် ပျားရည် တို့ကို သမအောင် ရောမွှေပြီး ဦးရေပြားကို လိမ်းပေးခြင်းအားဖြင့် ဆံနွယ်လေးတွေ ပိုမိုနက်မှောင်လာစေပြီးဗောက်ပျောက်ကင်းစေပါတယ်

  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • နနွင်း အနည်းငယ်
  • ရှားစောင်းလက်ပတ်ရဲ့ အတွင်း Gel
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

တို့ကို သမအောင်မွှေပြီး ဦးရေပြားပေါ်သို့ လိမ်းပြီး ၁၅ မိနစ်လောက်ထားပေးပါ

ပြီးလျှင် ပုံမှန်အတိုင်း ခေါင်းလျှော်ရည်နဲ့ လျှော်ပြီး‌ ခြောက်အောင်သုတ်ပေးပါ တစ်ပတ်ကို ၂ ကြိမ်လောက် အနည်းဆုံးလုပ်ပေးပါက နက်မှောင်သန်စွမ်းတဲ့ ဆံနွယ်တွေ ပိုင်ဆိုင်နိုင်ပါပြီ

ရှားစောင်းရယ် အုန်းဆီရယ် ရောပြီး အတုံးပုံစံနဲ့ အေးခဲအောင် ထားပြီး အမာရွတ် ရှိတဲ့ နေရာတွေကို တနေ့ ၂ ကြိမ် ပွတ်ပေးပါက သိသာတဲ့ ရလာဒ်ကို ရရှိစေမှာပါ

  • ရှားစောင်းလက်ပက် အတွင်း Gel
  • အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ရောမွေကာ

၁ နာရီအနည်းဆုံး အအေးခံပြီး အမာရွတ်ရှိတဲ့နေရာကို မနက်တစ်ကြိမ် ညတစ်ကြိမ် ပွတ်ပေးခြင်းဖြင့် ၁ လ အတွင်း အမာရွတ်များသိသာစွာ နည်းပါးသွားမှာဖြစ်ပါတယ်

အလွယ်ကူးဆုံးတစ်ခုအနေနဲ့ မျက်နှာကို ရှားစောင်းရဲ့ Gel သုံးပြီး အမဲစက်တွေကို ပျောက်ကင်းအောင် ပြုလုပ်နည်း

  • ရှားစောင်းလက်ပက်ကို သေးငယ်တဲ့ အတုံးလေးတွေ တုံးပြီး မျက်နှာပေါ်က အမဲစက်ရှိတဲ့နေရာတွေကို တနေ့ ၂ ကြိမ် အနည်းဆုံး ပွတ်ပေးပါ

နေ့တိုင်းပွတ်ပေးပါကလည်း မျက်နှာပေါ်က အလှတရားတွေကို ဖုံးလွှမ်းစေတဲ့ အမဲစက်တွေကို အမြန်ပျောက်ကင်းစေတဲ့အပြင် မျက်နှာလေးကတင်းရင်းပြီး လှပနေမှာပါ။

ဒီလိုလွယ်ကူရိုးရှင်းတဲ့နည်းလမ်းတွေနဲ့အတူ အလှအပကို လွယ်ကူစွာ အလျင်အမြန် ခံစားကြပါစို့နော်

Our Services


Our Shop Branches Address


Our Contact


Booking


Calendar is loading...
Powered by Booking Calendar

Post Author: Beauty.mm

Leave a Reply

Your email address will not be published. Required fields are marked *