ဘယ်လို Lotionမျိုးကို ရွေးချယ်သင့်သလဲ – Beauty.mm

Page

အသားအရေကို စောင့်ရှောက်တော့မယ်ဆိုရင် မမေ့သင့်တဲ့ အရာတစ်ခုက မဖြစ်မနေ Lotionလူးဖို့ပါ။🧴
မိန်းကလေး တော်တော်များများဟာ မျက်နှာအသားအရေလှပဖို့အတွက်ဘဲ အဓိက အရေးထားပေမယ့် ခန္ဓာကိုယ်အသားအရေကို အရေးထားဖို့ မေ့နေတတ်ကြပါတယ်။တကယ်တော့ မျက်နှာ အသားအရေ အရေးကြီးသလို ခန္ဓာကိုယ်အသားအရေဟာလည်း အရမ်းအရေးကြီးပါတယ်။အသားအရေကို ဂရုစိုက်ဖို့ ဆိုရင် ကိုယ်နဲ့ ကိုက်ညီမယ့် Body Lotionကို ရွေးချယ်အသုံးပြုပေးသင့်ပါတယ်။ကိုယ့်နဲ့ ကိုက်ညီမယ့် Lotionကို ရွေးချယ်တော့မယ်ဆိုရင် စျေးနှုန်းကိုမကြည့်ပါနဲ့ အဓိက ကိုယ့်အသားအရေနဲ့ တည့်မတည့် အရေးကြီးပါတယ်။
🧴ဘာတွေကို အဓိကထား ရွေးချယ်သင့်လဲ?💯🧴
*အသားအရေ ခြောက်တဲ့ သူတွေ အတွက် ဆိုရင် ခရင်မ် အမျိုးအစား က အဆင်ပြေသလို အဆီပါဝင်တဲ့ Body Lotionကိုရွေးပါ။
*အဆီပြန်တတ်တဲ့ အသားအရေ ဆိုရင် ခန္ဓာကိုယ်မှာ ဝက်ခြံဖြစ်တတ်တဲ့ အသားအရေပါ။ဒါကြောင့် အဆီပါဝင်မှုနည်းပြီး အရည်ခပ်ကျဲကျဲ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ Body Lotionမျိုး ရွေးချယ်သင့်ပါတယ်။
*ထိခိုက်လွယ်တဲ့ အသားအရေဆိုရင် သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ Body Lotionမျိုးကို ရွေးချယ်သင့်ပါတယ်။မဝယ်ခင် လက်ခုံပေါ်မှာ အရင် စမ်းကြည့်ပါ ကိုက်ညီမှုရှိမှ ဝယ်ပါ။
*အသားအရေက အဖက်လေးတွေ လန်နေတတ်တယ်ဆိုရင် အစိုဓာတ် ပြည့်ဝတဲ့ Body Lotion ကိုရွေးချယ်ပါ။
💥💥💥ဘယ်အသားအရေမဆို အရောင်နဲ့ အနံ့မပြင်းတဲ့ Lotionကို ရွေးချယ်ဖို့ သတိပေးချင်ပါတယ်။

Our Services


Our Shop Branches Address


Our Contact


Booking


Calendar is loading...
Powered by Booking Calendar

Post Author: Beauty.mm

Leave a Reply

Your email address will not be published. Required fields are marked *