NYEIN Clinic

ဆရာဝန်တွေကိုယ်တိုင်ရှိပြီး အလှအပနှင့် ပတ်သတ်သမျှကို USAနိုင်ငံ အသိအမှတ်ပြု အလှအပဆိုင်ရာဘွဲ့လွန်ပညာကို ဆည်းပူးတတ်မြောက်ထားသော အလှအပဆိုင်ရာဆရာဝန် ကိုယ်တိုင်ပြုလုပ်ပေးနေသော ဆေးခန်းဖြစ်ပါသည်။ Warmly welcome ပါနော်….

ကျွမ်းကျင်တဲ့ အလှအပဆရာဝန်ကိုယ်တိုင် ပြုလုပ်ပေးမှာဖြစ်လို့ side effect ဖြစ်မှာကို စိတ်မပူနဲ့တော့နော်
ဆေးခန်းသက်တမ်း ၆နှစ်ခန့်ရှိပါသည်။ဆေး အတုအယောင် မရှိပါ။ မသုံးပါ။ Quality ကောင်းကောင်း၊ ကုန်ကျစရိတ် နည်းနည်းနဲ့ ချက်ချင်းလှပချင်ရင် Nyein clinic ကိုသာ လာခဲ့ပါ….
ဘိုကင်ကြိုယူခြင်းဖြင့် ကူညီပါ။
Cb မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်

Review

Overall
Customer Services

Contact Us

ဖုန်းနံပါတ်
095044451
လိပ်စာ
အမှတ် ၇၂၂၊ ငမိုးရိပ် ၃လမ်း၊ မလိခအိမ်ယာဝင်းရှေ့၊ ဘ၀မြင့်ကားဂိတ်အနီး၊ သင်္ဃန်းကျွန်း ၊ ရန်ကုန်။
Our best services

1. မျက်နှာ၊ လည်ပင်း နှင့် ချိုင်းရှိ အရေးအကြောင်းများ ပျောက်ကင်းပြီး တင်းရင်းနုပျိုစေရန် BOTOX ထိုးပေးခြင်း။
2. နှာခေါင်း၊ နှုတ်ခမ်း၊ မေးစေ့၊ မျက်နှာ FILLER ထိုးပေးခြင်း။
3. မေးရိုးကားသူ၊ မျက်နှာကြီးသူများကို ဆေးထိုးပြီး မျက်နှာသွယ်လျစေရန် ပြုပြင်ပေးခြင်း။
4. နောက်ဆုံးပေါ် PRP Treatment သွေးရည်ကြည် ကုထုံးဖြင့်
✅ ၀က်ခြံအမာရွတ်များ၊ ချိုင့်ခွက်များ ဖျောက်ပေးခြင်း
✅ ဆံပင်ကျွတ်သူ၊ ဆံပင်ပါးသူများ ကိုဆံပင် ပြန်ပေါက်စေရန် ကုသခြင်း
✅ အမဲစက်များဖျောက်ပေးခြင်း
✅ အကြောပြတ်ရာများ၊ အမာရွတ်များ လျော့ပါးသက်သာစေခြင်း
5. ခန္ဓာကိုယ်ရှိ မလိုလားသောနေရာမှ အဆီများကို ဆေးထိုးပြီး ဖယ်ရှားပေးခြင်း။
✅ ( မေးစေ့၊ ဗိုက်၊ ခါး၊ နောက်ကျော၊ လက်မောင်း၊ ပေါင်၊ ခြေသလုံး စသည့် လေ့ကျင့်ခန်းပြုလုပ်ရန်၊ ခက်ခဲသော တစ်နေရာချင်းစီကို အဆီကျဆေးထိုးပြီး အဆီချပေးခြင်း)

6. အသားအရေတင်းရင်းနုပျိုစေရန် Collagen ထိုးဆေး။
7. အသားအရေ ဖြူဖွေးဝင်းမွတ်စေရန် အသားဖြူထိုးဆေး။
8. KELOID ဖျောက်ပေးခြင်း။
9. အမျိုးအမီးများ ရင်သားတင်းရင်းလှပစေရန် သောက်ဆေး၊ ထိုးဆေး Package.
10. ၀က်ခြံတင်းတိပ်၊ မှဲ့ ခြောက်များအတွက် Chemical Peeling
11. မျက်နှာအသားအရေ အမျိုးမျိုးအတွက် အလှအပဆိုင်ရာ ဆရာဝန်ကိုယ်တိုင် ပြုလုပ်ပေးသော Facial Treatment အမျိုးမျိုး။
12. နောက်ဆုံးပေါ် Cryolipolysis (Fat Freezing) စက်ဖြင့်အဆီများကို ချေဖျတ်ပေးခြင်း။

သဘာဝရဲ့လက်ဆောင်မွန် PRP (Platelet Rich Plasma) သွေးရည်ကြည် ကုထုံး
“PRP (Platelet Rich Plasma) သွေးရည်ကြည် ကုထုံး”ဆိုတာ မိမိသွေးထဲမှ သဘာဝသွေးရည်ကြည်များကို နည်းပညာတစ်ရပ်နဲ့ပေါင်းစပ်ထုတ်ဖေါ်ပြီး ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့နေရာမှာ ထိုးသွင်းကုသပေးခြင်းပဲဖြစ်ပါတယ်။
Foreign body လို့ခေါ်တဲ့ ပြင်ပကဆေးများ ဓာတ်သတ္တုပစ္စည်းများကို သုံးခြင်းမဟုတ်ဘဲ
မိမိခန္ဓာကိုယ်အတွင်းရှိ သွေးရည်ကြည်ကိုသာ အသုံးပြုပြီး ကုသတာကြောင့် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ လုံးဝမရှိပါဘူး
ဆေးထိုးလို့ဖြစ်တဲ့ Drug allergy/ ဆေးရဲ့ side effect စတာတွေ လုံးဝ လုံးဝ မဖြစ်ပါဘူးရှင်
ကုသလို့ရနိုင်တဲ့နေရာတွေကတော့
(1) PRP for facial rejuvenation.. ….
Collagen များလှုံ့ဆော်၍ မျက်နှာပေါ်ရှိ ၀က်ခြံ တင်းတိတ် နေလောင်ကွက်များ သက်သာပျောက်ကင်းစေသည်။ ၀က်ခြံကြောင့်ဖြစ်သော အချိုင့်များပြည့်လာစေသည်။ အသက်အရွယ်နှင့် ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော အရေးအကြောင်းများ လျော့ပါးပျောက်ကင်းကာ နုပျိုတင်းရင်းစေသည်။ ချွေးပေါက်များကို ကျဉ်းစေသည် ။ မျက်ကွင်းညိုခြင်း၊ မျက်တွင်းချိုင့်ခြင်းများကို သက်သာစေသည်။
(2)PRP for stretch marks and scars ……
ခန္ဓာကိုယ် ရှိ အမာရွတ်များ နှင့် အကြောပြတ်ရာများကို သက်သာပျောက်ကင်းစေသည်
(3) PRP for hair……..
ဆံပင်ပါးသူ ၊ ၊ဆံပင်ကျွတ်သူ၊ ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်သူ၊ မျိုးရိုးလိုက်၍ဆံပင်ပါးသူ ၊ ဆံပင်ကို ဓာတုဆေးများခဏခဏသုံးခြင်းကြောင့် ဆံပင်ပျက်စီး၍ အကွက်လိုက်ကျွတ်သူတို့အတွက် အထူးသင့်လျော်သည်။ ဆံပင်ပြန်ပေါက်စေရန် အထူးရေပန်းစားနေသော ကုသမှုတစ်ရပ်လဲဖြစ်သည်။ ဆံပင်ပြန်ပေါက်စေရန် အာမခံပါသည် ။
မိမိပြုလုပ်လိုသောနေရာနှင့် ပြုလုပ်ရမည့် အနေအထားကိုလိုက်၍ ဈေးနှုန်းအနည်းငယ် ကွာခြားနိုင်ပါသည်။
လူတစ်ဦးချင်းစီ၏ အခြေအနေပေါ်မူတည်ပြီး ပြုလုပ်ရမည့်အကြိမ်ရေ ကွာခြားနိုင်ပါသည်။
လိုအပ်သော အကြိမ်အရေအတွက်ကို အလှအပဆရာဝန်မှ ဆွေးနွေးဆုံးဖြတ်ပေးပါမည်။
ကြိုတင်ရက်ချိန်းယူရန် လိုအပ်ပါသည်။
ကုသမှုကြာမြင့်ချိန်…..၁နာရီမှ ၁နာရီခွဲခန့်
ထုံဆေးလိမ်း၍ မနာမကျင်ရအောင် ကုသပေးပါသည်။ လိုအပ်ပါက သောက်ဆေးပေးပါသည်။
PRP Treatment ယူပြီးနောက် အသားအရေ အနည်းငယ် နီမြန်းယောင်ယမ်းနိုင်သည်။
၂ရက်အတွင်း မိတ်ကပ်လိမ်းခြင်း ၊ ဖုန်ထူသောနေရာများသို့သွားခြင်း၊ နေလောင်ခံခြင်း၊ မျက်နှာကို spaလုပ်ခြင်း ရှောင်ရမည်။
အထူးတလည် အစားရှောင်စရာမလို ။
Treatment ၏အာနိသင်ကို ၂ပတ်မှ တစ်လအတွင်း စတင် ခံစားရပါမည်
(သွေးရောဂါ ရှိသူများ ၊ သွေးကျဲဆေး သောက်သုံးနေသူများ ဆရာဝန်ကို ကြိုပြောပါ)

PAGE TOP