New U Aesthetic & Laser

Welcome to New U Aesthetic & Laser! အသားအရေတင်းရင်း ကြည်လင်ဝင်းပတဲ့ အလှပိုင်ရှင်ဖြစ်လိုပါသလား New U Aesthetic မှတာဝန်ယူပါရစေ. . .

New U Aesthetic & Laser မှ ကြိုဆိုပါတယ်…
အလှအပကိုချစ်ခင် မြတ်နိုးတန်ဖိုးထားသူတိုင်းအတွက် New U မှဆရာဝန်ကြီးများ နှင့် ဆွေးနွေးကုသမှုများကို ပြုလုပ်နိုင်ရန်အတွက် သင့်ကိုအမြဲတမ်းကြိုဆိုလျှက်ပါ

Hours 10:00 AM – 7:00 PM ⛔️ တနင်္လာနေ့တိုင်းပိတ်ပါတယ်

Review

Overall
Customer Services

Contact Us

ဖုန်းနံပါတ်
09 961477888
လိပ်စာ
No.210, first floor, Room A-1, Kabaraye Pagoda Road (in front of Kabaraye Pagoda), Mayangone Township.
😊😊 အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး သည် ၃ မျိုးချက်မပိုင်လျှင် နောင်ပြင်နိုင်ခဲသည့်အမျိုးဆိုတဲ့ ဆိုရိုးလေးရှိပါတယ်

💥 ၂၁ ရာစုမှာ မလိုချင်တော့တဲ့ Tattoo (ဆေးမင်ကြောင်) တွေကို ခေတ်မှီလေဆာနည်းပညာအသုံးပြုပြီးဘေးထွက်ဆိုးကျိုးကင်းစွာနဲ့ ပြန်ဖျက်လို့ရနေပြီနော်

💥 March လအတွင်း Tattoo 1 လက်မပတ်လည်ကို ၅၀၀၀ နှုန်းနဲ့ Discount ပေးဦးမှာမို့ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့လာရောက်ပြသပြီး ကုသနိုင်ပါတယ်ရှင့်

New U ဆေးခန်းတွင် ရရှိနိုင်သည့် ကုသမှုများ

♡ Acne Treatment (၀က်ခြံအမျိုးမျိုး ကုသခြင်း)
♡ Facial Rejuvenation Treatment (မျက်နှာ အသားအရေ နုပျိုကြည်လင်စေရန်ကုသခြင်း)
♡ Chemical Peeling (မျက်နှာပေါ်မှ ဆဲလ်အသေများအား ဆေးသုံးခွာချခြင်း)
♡ Carbon Peeling Laser Therapy (ချွေးပေါက်ကျယ်ခြင်းနှင့် အဆီပြန်ခြင်းအား ကုသခြင်း)
♡ Post inflammatory Acne scars Treatment (၀က်ခြံ အမာရွတ်အမဲစက်နှင့် ချိုင့်ခွက်များ ကုသခြင်း)
♡ Freckle and Melasma Treatment (တင်းတိတ် မှဲ့ခြောက်များ ကုသခြင်း)
♡ Filler Injection (နှာခေါင်း၊မေးစိ၊ နှုတ်ခမ်း အားပုံဖော်ခြင်း)
♡ V-shaped Botox Injection and others (အရေးအကြောင်းများ ကုသခြင်း)
♡ Collagen Thread Lift (အသားအရည်တင်းရင်းစေရန် ကြိုးထိုးကုသခြင်း)
♡ Hydrating Booster Injection (ရေဓာတ်ဖြည့် ကုသမှု)
♡ Whitening Injection (အသားဖြူဆေးထိုးခြင်း)
♡ Laser Hair Removal (အမွှေးအမျှင်များ ဖယ်ရှားခြင်း)
♡ Tattoo & Mole Removal (တက်တူး နှင့် မှဲ့ဖျက်ခြင်း)
♡ Mesotherapy (မလိုလားအပ်သော အဆီပိုများအား အဆီကျဆေးထိုးခြင်း)

Botox နဲ့ Filler ဘာကွာလဲ?? 🤔🤔
🔸Botox
အဓိကကတော့ အရေးအကြောင်းတွေအတွက် သုံးပါတယ်
မျက်နှာနှင့် လည်ပင်းတဝိုက်ရှိ အရေးအကြောင်းများဟာ သက်ဆိုင်ရာကြွက်သားများရဲ့ ဆွဲညှစ်မှုကြောင့် ဖြစ်လေ့ရှိပါတယ်
Botox ဆိုတာ အလွယ်ပြောရရင် ဒီကြွက်သားတွေရဲ့ ဆွဲညှစ်ရတဲ့အလုပ်ကို တားတဲ့ အဆိပ်တစ်မျိုးပါ
ဒါ့ကြောင့် Botox ထိုးလိုက်တဲ့ ကြွက်သားဟာ ပုံမှန်တာဝန်အတိုင်း မညှစ်နိုင်တော့ပဲ ပြေလျော့သွားတဲ့အခါ အရေးအကြောင်းတွေကို လျော့နည်းသက်သာစေပါတယ်
Botox ဟာ အရေးအကြောင်းအပြင် ကြွက်သားထုကြီးနေတဲ့နေရာတွေမှာလဲ ကုသနိုင်ပါတယ်
မေးရိုးကြွက်သားကြီးလို့ မျက်နှာလေးထောင့်ဖြစ်နေတဲ့သူတွေကို Botox ထိုးပြီး မေးရိုးသွယ်လျ V shape ဖြစ်အောင်ကုသနိုင်ပြီး ခြေသလုံးကြီးခြင်း နှင့် ချိုင်းချွေးထွက်များတာမှာလဲ ကုသနိုင်ပါတယ်
Botox အာနိသင်က ၃လမှ ၆လဝန်းကျင်ခံပါတယ်
🔸Filler
Filler ဆိုတဲ့ နာမည်အတိုင်း fill ဖြည့်ပေးတာပါ
ကိုယ်လိုချင်တဲ့ ပါးမို့, နှုတ်ခမ်း, နှာခေါင်းတို့ကို ဆေးဖြည့်ပြီး ပုံဖော်လို့ရသလို မေးစိချွန်ချွန်လေး v shape ဖြစ်အောင်လဲ ဖြည့်လို့ရပါတယ်
Smile line လို့ အများစု သိကြတဲ့ နှာခေါင်းဘေးက အစင်းရာဟာ volume ပမာဏကျပြီး ချိုင့်နေတာ ဖြစ်တဲ့အတွက် Filler နဲ့ဖြည့်ပြီး ကုသနိုင်ပါတယ်
မျက်တွင်း, နားထင်, ပါးရိုးကျနေတာကိုလဲ filler နဲ့ ဖြည့်ပြီိး ကုသလို့ရပါတယ်
အချိန်ပမာဏ ဘယ်လောက်ထိ အာနိသင် ခံနိုင်လဲဆိုတာကတော့ Filler အမျိုးအစား, ထိုးသည့်နေရာ, ထိုးသည့်ပမာဏပေါ်မူတည်ပြီး ကွာခြားမှုရှိပါတယ်ရှင်

PAGE TOP