အသားအရေပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးမယ့် ကြက်ဥအကာသုံးပြီး ပေါင်းတင်နည်း (၆)မျိုး

ကြက်ဥအကာက အသားအရေအတွက် ကောင်းကျိုးတွေအများကြီး ပေးနိုင်ပါတယ်။ ချွေးပေါက်တွေကို ကျဉ်းစေနိုင်တယ်၊ ဆားဝက်ခြံတွေကို ပျောက်စေတယ်၊ အဆီပြန်တာကို သက်သာစေတယ်၊ ၀က်ခြံကြောင့် အသားအရေနီမြန်းရောင်ရမ်းတာတွေ သက်သာစေတယ် စသဖြင့် အကျိုးကျေးဇူးတွေအများကြီး ပေးနိုင်ပါတယ်။ ဒါကြောင့် ပျိုမေတို့လည်း ကြက်ဥအကာကို သုံးပြီး အသားအရေပြဿနာအမျိုးမျိုးကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို အခုပဲဖော်ပြလိုက်ပါပြီနော်။
(၁) အဆီပြန်တာသက်သာစေဖို့
ကြက်ဥတစ်လုံးကနေ အကာရည်ကို ယူပြီး သံပရိုသီးတစ်ခြမ်းကို အရည်ညှစ်ထည့်လိုက်ပါ။ လက်ဖက်ဆီ နှစ်စက်သုံးစက်လောက် ထည့်မွှေပြီး မျက်လုံးနဲ့ နှုတ်ခမ်းနေရာတွေကို ရှောင်ပြီး လိမ်းပေးပါ။ ခြောက်သွားတဲ့အထိ ထားပေးပြီး ရေနွေးလေးနဲ့ ဆေးချပေးလိုက်မယ်ဆိုရင် မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးလို့၊ ချွေးပေါက်ပိတ်တာ၊ ဆားဝက်ခြံဖြစ်တာတွေကို တားဆီးပေးပါတယ်။ ဒီနည်းလေးကို တစ်ပတ်တစ်ခါလုပ်ပေးသွားမယ်ဆို အဆီပြန်တဲ့အသားအရေကနေ ကြည်လင်တဲ့အသားအရေ လေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။
(၂) ဆားဝက်ခြံပျောက်ကင်းစေဖို့
ကြက်ဥအကာတစ်လုံး၊ နွားနို့ ၄ ဇွန်း၊ သကြားအညို နှစ်ဇွန်းတို့ကိုရောပြီး အဲ့ဒီအနှစ်ကို ယူပြီး ဆားဝက်ခြံရှိတဲ့နေရာတွေမှာ လက်ချောင်းထိပ်လေးတွေနဲ့ စက်ဝိုင်းပုံပွတ်တိုက်ပေးပါ။ ဆယ့်ငါးမိနစ်လောက် အဲ့လိုလုပ်ပြီးရင် ရေနွေးလေးနဲ့ဆေးချ ပေးလိုက်ရုံပါပဲ။ ပြီးရင် တိုနာလေးလိမ်းပေးလိုက်ပါ။ ဒီနည်းလေးကို တစ်ပတ်တစ်ခါလောက် လုပ်ပေးသွားမယ်ဆိုရင် ဆားဝက်ခြံတွေ လုံးဝကင်းစင်သွားပါလိမ့်မယ်။
READပျိုမေများအတွက် ချစ်စရာလက်သည်းပုံဖော်နည်းများ
(၃) ၀က်ခြံအကြီးတွေ ပျောက်ဖို့
ကြက်ဥအကာတစ်လုံး၊ မုန့်ဖုတ်ဆိုဒါ နှစ်ဇွန်းတို့ကို ရောမွှေပြီး လက်ဖက်ဆီ နှစ်စက်လောက် ထည့်လိုက်ပါ။ အဲ့ဒီအနှစ်ကို ၀က်ခြံဖြစ်တဲ့နေရာမှာ ထူထူလေးလိမ်းပေးပြီး ခြောက်သွားတဲ့အထိ ထားပေးလိုက်ပါ။ ပြီးရင် ရေနွေးလေးနဲ့ဆေးပေးလိုက်ပါ။
(၄) အမည်းစက်နဲ့အနာအဆာတွေ ပျောက်ဖို့
ကြက်ဥအကာတစ်လုံး နဲ့ ပျားရည်တစ်ဇွန်းတို့ကို ရောမွှေကာ အဲ့ဒီအနှစ်ကို မျက်လုံးနဲ့နှုတ်ခမ်းနေရာကို ရှောင်ပြီး လိမ်းပေးပါ။ အဲဒီ့အနှစ်တွေ အသားပေါ်မှာ ခြောက်သွားတဲ့အထိ ထားလိုက်ပြီး ရေ နွေးလေးနဲ့မျက်နှာသစ်ပေးလိုက်ပါ။ ဒီနည်းကို တစ်ပတ်မှာ နှစ်ခါလောက် လုပ်ပေးမယ်ဆို အမည်းစက်နဲ့ အနာအဆာတွေ အချိန်တိုအတွင်းပျောက်သွားပါလိမ့်မယ်။
(၅) ခြောက်သွေ့တဲ့အသားအရေစိုပြည်လာဖို့
ကြက်ဥအကာတစ်လုံး၊ ထောပတ်သီးတခြမ်းနဲ့ ဒိန်ချဉ်အသန့်နှစ်ဇွန်းတို့ကို ရောမွှေလိုက်ပြီး မျက်နှာအနှံ့ထူထူလေး လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပေးလိုက်မယ်ဆိုရင် ခြောက်သွေ့တဲ့အသားအရေကို အစိုဓာတ်ဖြည့်ပေးပါလိမ့်မယ်။
(၆) ထိခိုက်လွယ်တဲ့အသားအရေအတွက်
ကြက်ဥအကာတစ်လုံး၊ သခွားသီးကို ညှစ်ပြီးရလာတဲ့ အရည်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း နဲ့ ဒိန်ချဉ်အသန့်တစ်ဇွန်းတို့ကို ရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ ဒီနည်းလေးကို တစ်ပတ် ၂ ခါလောက် လုပ်ပေးမယ်ဆိုရင် အလှကုန်တွေနဲ့ မတည့်လို့ဖြစ်တဲ့ အသားအရေပြဿနာတွေ တဖြည်းဖြည်းနည်းလာပါလိမ့်မယ်။
READအသားအရေပြဿနာအမျိုးမျိုးကို အရေးပေါ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်း (၇)မျိုး
MAY THAZINHTOO
sponsored
crd////

News

PAGE TOP