ဝက်ခြံတွေမပေါက်ရလေအောင်😊😊

ချစ်ရတဲ့လေဒီလေးတို့ရဲ့ မျက်နှာမှာ ရောင်ရမ်းနေတဲ့ ဝက်ခြံဖုနီနီလေးတွေထွက်လာပြီဆို သိပ်ကိုစိတ်ညစ်ရမှာပါပဲ။ ဝက်ခြံဆိုဘယ်သူကမှ ဖြစ်မှာလည်း မလိုချင်ကြဘူးလေ။ ဝက်ခြံဖြစ်လာပြီဆိုရင် မိန်းကလေးအများစုက ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတာ၊ ဝက်ခြံကိုကြည့်ပြီး စိတ်ဆင်းရဲတတ်ကြပါတယ်။ ဒါကြောင့်လေဒီလေးတို့ရဲ့ စိတ်ကလေးတွေကြည်လင်နေအောင် မျက်နှာပေါ်ကဝက်ခြံအနီဖုလေးတွေ သက်သာ အောင်လုပ်နိုင်တဲ့နည်းလမ်းကောင်းလေးတွေကို ပြောပြပေးမယ်နော်။

(၁) Cleansing လုပ်ပါ☺️
လေဒီလေးတို့ရဲ့ မျက်နှာလေးကို အမြဲတမ်းသန့်ရှင်းအောင်ထားပါ။ သန့်ရှင်းမှုမရှိတဲ့ မျက်နှာပေါ်မှာ ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားတွေပိုဖြစ်လွယ်ပါတယ်။ အနည်းဆုံးတော့ တစ်နေ့နှစ်ကြိမ်မျက်နှာသစ်ပေးပါ။ မျက်နှာသစ်ဆပ်ပြာဆိုရင်လည်း Sensitive Skin သမားတွေ၊ ဝက်ခြံထွက်တတ်တဲ့သူတွေသုံးလို့ရတဲ့ မျက်နှာသစ်ဆပ်ပြားအမျိုးအစားကိုရွေးပေးဖို့လည်း အရေးကြီးပါတယ်။ မျက်နှာမသစ်ခင်လည်း မျက်နှာပေါ်က မိတ်ကပ်တွေ၊ဖုန်မှုန့်တွေနဲ့ ချေးတွေပြောင်သွားအောင် Cleansing Water လေးသုံးပြီး အရင်ဖျက်ပေးပါ။ ပြီိးမှ မျက်နှာသစ်ဆပ်ပြာနဲ့ ပြောင်နေအောင်မျက်နှာကို သစ်ပေးရမှာပါ။

(၂) အစိုဓာတ်ဖြည့်ပါ ☺️
ဝက်ခြံအတွက်ထုတ်တဲ့ Cosmetic ပစ္စည်းတော်တော်များများက အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့်ဒီလိုပစ္စည်းတွေသုံးပြီးရင် ခြောက်သွေ့သွားတဲ့ မျက်နှာအသားအရေကို ရေဓာတ်ဖြည့်ပေးဖို့ Moisturizers တစ်ခုခုလိမ်းပေးပါ။ Moisturizers တွေမှာလည်း အဆီပြန်တဲ့သူတွေ၊ ဝက်ခြံပေါက်တတ်တဲ့ သူတွေ သုံးဖို့ဆိုပြီး အမျိုးအစားတွေကွဲပါတယ်။

(၃) မိတ်ကပ်ပစ္စည်းတွေရှောင်ပါ ❌
လေဒီလေးတို့ရဲ့ မျက်နှာမှာဝက်ခြံတွေသိပ်ကိုများနေတဲ့အချိန်ဖြစ်နိုင်ရင် မိတ်ကပ်တွေ၊ Brush တွေမသုံးပါနဲ့။ ဒါတွေက ဝက်ခြံအတွက်ပိုပြီးဆိုးစေနိုင်ပါတယ်။ မဖြစ်မနေသုံးရမယ်ဆိုရင်လည်း Oil-Free cosmetic အမျိုးအစားတွေကိုပဲ ရွေးဖို့အကြံပြုပါရစေနော်။

(၄) ဆံပင်အတွက်ဘာသုံးမိလဲဆန်းစစ်ပါ 🤔
ဒါကတော့ လေဒီလေးတို့တော်တော်များမျာသတိမမူမိတဲ့အရာပါ။ တစ်ခါတလေ ကိုယ်ကဆံပင်လေးတွေ အတွက်ဆိုပြီိး ဝယ်လိုက်တဲ့ ပစ္စည်းလေးတွေမှာ အမွှေးနံ့တွေ၊ အဆီတွေနဲ့ ဂျဲလ်တွေပါတဲ့ အလှကုန်တွေ သုံးတတ်ကြပါတယ်။ ဒီပစ္စည်းတွေကို သုံးပြီးဆံပင်က မျက်နှာကိုလာထိတဲ့အခါ ဓာတ်မတည့်တာကြောင့် ဝက်ခြံတွေထွက်လာစေပါတယ်။ ဖြစ်နိုင်ရင်တော့ အမွှေးနံ့ပါတဲ့ အလှကုန်တွေမသုံးပါနဲ့။

(၅) နေရောင်ကိုကာကွယ်ပါ 🌞
နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကဝက်ခြံတွေကိုပိုပြီးနီမြန်းစေတာ၊ ရောင်ရမ်းစေတာတွေ ဖြစ်စေပါတယ်။ မနက် (၁၀) နာရီကနေ ညနေ (၄) နာရီကြားမဖြစ်မနေ နေပူထဲသွားရတော့မယ်ဆိုရင် နေရောင်ကာတဲ့ထီး၊ ဦးထုပ်နဲ့ အဝတ်အစားတွေကို ရွေးချယ်ပြီးဝတ်ဆင်ပေးပါ။

(၆) ဝက်ခြံဖြစ်စေတဲ့အစားစာတွေကိုရှောင်ပါ ❌
နို့ထွက်ပစ္စည်းတွေ၊ သကြားပါဝင်မှုများတဲ့အစားအစာတွေ၊ ငန်လွန်းတဲ့အစားအစာတွေက ဝက်ခြံကိုပိုဆိုးစေပါတယ်။ ဒါကြောင့် အဆီများတဲ့အစားအစာတွေနဲ့ အသင့်စားအစားအစာတွေကို စားမယ့်အစား သဘာဝအသီးအနှံနဲ့အရွက်တွေကို များများစားသုံးပါ။ ချောကလက်စားရင်လည်း ဝက်ခြံဖုနီနီတွေကို မဖြစ်စေဘူးလို့ သုတေသီတွေကဆိုပါတယ်။

ဝက်ခြံတွေသက်သာစေမယ် သဘာဝနည်းလမ်းလေးတွေကတော့…

နည်းလမ်း (၁)
လေဒီလေးတို့အတွက်ပထမဦးဆုံးနည်းလမ်းကတော့ Tea Tree Oil လေးကို နီရဲနေတဲ့ ဝက်ခြံပေါ်မှာ မိနစ်နှစ်ဆယ် လောက်ထားပေးပါ။ ပြီးရင်တော့ သန့်စင်တဲ့ ဂွမ်းစလေးနဲ့ သုတ်လိုက်ပါ။

နည်းလမ်း (၂)
သံပုယိုရည် နှစ်စက်နဲ့ ပျားရည်လက်ဖက်ရည်ဇွန်းဝက် ကိုရောပြီးမွှေလိုက်ပါ။ ပြီးရင်ပျိုမေတို့ရဲ့ ဝက်ခြံပေါ်မှာလိမ်းပြီး မိနစ် ၂၀လောက်ထားလိုက်ပါ။ ဂွမ်းစလေးနဲ့ သုတ်လိုက်ပါ။

နည်းလမ်း (၃)
ဒါလေးကတော့ Sensitive Skin ရှိတဲ့ ပျိုမေလေးတွေအတွက် သင့်တော်တဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ သင်္ဘောသီးအရည်အနည်းငယ်ကို ဝက်ခြံပေါ်မှာမိနစ်နှစ်ဆယ်လောက်ထားလိုက်ပါ။ ပြီးရင်တော့ ဂွမ်းစလေးနဲ့ သန့်စင်လိုက်ပါနော်။

ဒီနည်းလမ်းလေးတွေ လုပ်ကြည့်မယ်ဆိုရင်လည်း လေဒီလေးတို့ရဲ့ မျက်နှာပြင်ပေါ်ကရောင်ရမ်းနေတဲ့ ဝက်ခြံနီနီလေးတွေ လန့်ပြေးအောင်လုပ်နိုင်ပြီပေါ့ 😃
Crd /////Hladal

News

PAGE TOP