လက်ဖက်ခြောက်ရှိရုံနဲ့ ဝိတ်ချနိုင်မယ့် ရေနွေးကြမ်းပြုလုပ်နည်း (၃)မျိုး

ကိုယ်အလေးချိန်ချတဲ့နည်းတွေ အများကြီးရှိတဲ့အထဲမှာ အသီးအရွက်တွေကို အသုံးပြုပြီး သဘာဝနည်းအတိုင်း ကိုယ်အလေးချိန်ချတဲ့နည်းလေးတွေက ဘေးထွက်ဆိုးကျိုးနည်းပြီး ရေရှည်အတွက် ပိုကောင်းပါတယ်။ ဒါကြောင့် ၀ိတ်ချချင်တဲ့ပျိုမေတို့အတွက် လက်ဖက်ခြောက်ကို အသုံးပြုပြီး ၀ိတ်ချနိုင်မယ့် ရေနွေးကြမ်းပြုလုပ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လက်ဖက်ခြောက်၊ ပျားရည်
ရေနွေးတစ်အိုးထဲကို လက်ဖက်ခြောက်သင့်တင့်သလောက်ထည့်ပါ။ ပျားရည်တစ်ဇွန်းနဲ့ သံပရိုသီးတစ်ခြမ်းကို ညှစ်ထည့်ပြီး လက်ဖက်ခြောက်ကျတဲ့အထိ နှပ်ထားလိုက်ပါ။ အဲ့ဒီနှပ်ထားတဲ့ လက်ဖက်ရည်ကို နေ့စဉ်ပုံမှန်သောက်ပေးမယ်ဆိုရင် နှစ်ပတ်အတွင်းမှာ အဆီပိုတွေကို ဖယ်ရှားပေးပါလိမ့်မယ်။

(၂) လက်ဖက်ခြောက်၊ ချင်း
ရေနွေးတစ်အိုးထဲကို လက်ဖက်ခြောက်သင့်တင့်တဲ့ ပမာဏ၊ ချင်းအလွှာအနည်းငယ်၊ သံပရိုရည်တစ်ဇွန်းတို့ကို ထည့်ပြီးနှပ်ထားပါ။ ဆယ်မိနစ်လောက် နှပ်ထားပြီးရင် သောက်လို့ရပါပြီ။ ဒီလက်ဖက်ရည်ကို နေ့စဉ်သောက်ပေးရုံနဲ့ အဆီကျ စေရုံတင်မကဘဲ သွေးလှည့်ပတ်မှုကိုလည်းကောင်းစေပါတယ်။

(၃) လက်ဖက်ခြောက်၊ သံပရိုသီး
ရေနွေးတစ်အိုးထဲကို လက်ဖက်ခြောက်အနည်းငယ်နဲ့ သံပုရိုသီးတစ်လုံးကို အ၀ိုင်းလေးတွေဖြတ်ထည့်ပြီး ဆယ်မိနစ်လောက် နှပ်ထားပေးပါ။ ရလာတဲ့ လက်ဖက်ရည်ကို နေ့စဉ်ပုံမှန်သောက်ပေးမယ်ဆိုရင် အဆီပိုတွေကို ကျစေပြီး သွေးထဲက အဆီတွေကိုပါ ဖယ်ရှားပေးနိုင်တာကြောင့် အသည်းအဆီဖုံးရောဂါ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။

News

PAGE TOP